လှူဒါန်းမည်။


ဂျပန်နိုင်ငံနေ နိုင်ငံခြားသူအမျိုးသမီးများကို
မီးမဖွားမီနှင့် မီးဖွားပြီးနောက်ပိုင်းကူညီထောက်ပံ့မှုနှင့်
ယဉ်ကျေးမှုပေါင်းစုံအတူယှဉ်တွဲသည့် ကလေးပြုစုပျိုးထောင်မှု


နိုင်ငံခြားသူကိုယ်ဝန်ဆောင်များအတွက် မိမိကိုယ်တိုင်ဂရုစိုက်နည်းသင်တန်း

“မီးဖွားရလွယ်ကူခြင်း” နှင့် “မီးဖွားပြီးနောက်ပိုင်း ကျန်းမာခြင်း” အတွက် မိမိကိုယ်တိုင် ဂရုစိုက် ထိန်းသိမ်းနည်းသင်တန်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုကြီးမားပြီး၊ ကိုယ်ဝန်ဆောင်နေစဉ် ခန္ဓာကိုယ်ရဲ့အဆင်မပြေမှု လေးတွေကို ခံစားရတဲ့သူတွေလည်း များလှပါတယ်။

ဒါ့အပြင် အမျိုးမျိုးသောစိတ်ဖိစီးမှုတွေကို ပွေ့ပိုက် ထားရင်း နိုင်ငံရပ်ခြားမှာကိုယ်ဝန်ဆောင်ရတာဟာ ခန္ဓာကိုယ်ရဲ့ပြဿနာမျိုးစုံကို ဖြစ်ပွားလွယ်စေဖို့ အလားအလာရှိပါတယ်။

ကိုယ်တိုင်လုပ်နိုင်မယ့် ခန္ဓာကိုယ်ဂရုစိုက်ထိန်းသိမ်းနည်းတွေ၊ ဂျပန်နိုင်ငံရဲ့ရာသီဥတုတစ်ခုစီတိုင်းရဲ့ နေထိုင်ဖြတ်သန်းနည်း အဓိကအချက်တွေကို သိထားခြင်းဖြင့် မီးဖွားရလွယ်ကူခြင်း နှင့် မီးဖွားပြီးနောက်ပိုင်းကျန်းမာခြင်းကို ရည်မှန်းပါတယ်။

ပြီးတော့ ခန္ဓာကိုယ်ရဲ့အ‌ဆင်မပြေမှုတစ်ခုစီတိုင်းရဲ့ ဂရုစိုက်ထိန်းသိမ်းနည်းတွေကိုလည်း မီးမဖွားမီနှင့် မီးဖွားပြီးနောက်ပိုင်းဂရုစိုက်နည်း ပညာရှင်က ပြောပြပေးသွားမှာပါ။

  • ကိုယ်တိုင်လုပ်နိုင်တဲ့ ကြပ်ထုပ်ထိုးနည်းနှင့် နှိပ်နယ်ပေးနည်း
  • ရာသီဥတုတစ်ခုစီတိုင်းရဲ့ နေထိုင်ဖြတ်သန်းနည်း
  • ခန္ဓာကိုယ်အဆင်မပြေမှုနှင့် ကိုက်ညှိထားတဲ့ ဂရုစိုက်နည်းများ

အဲဒီနေ့မှာတော့ မိမိကိုယ်တိုင်ဂရုစိုက်ထိန်းသိမ်းရာမှာ အသုံးပြုနိုင်တဲ့ပစ္စည်းများကို အမှတ်တရလက်ဆောင် ပေးဖို့လည်း ရှိပါတယ်။

အတူတကွ ဆက်ဆက်သင်ယူကြပါစို့!

☆အမျိုးသားနှင့်အတူ လာလို့လည်းရပါတယ်။

နေရာ –
(၁) အရှေ့ပိုင်းကလေးသူငယ်အိမ်ထောင်စုထောက်ပံ့ရေးစင်တာ
03-5980-5275

နေ့စွဲ:
4/16(Sun) 10:00-11:30

    စာရင်းသွင်းပြီးကြောင်း အတည်ပြု mail ဟာ spam/junk folder ထဲကို ဝင်သွားတာမျိုးလည်းရှိတတ်လို့ mail မရရှိခဲ့ရင် အဲဒီ folder ထဲကို စစ်ဆေးပေးပါ။
    အမည် *
    ဖုန်းနံပါတ် *
    အီးမေးလ်လိပ်စာ *
    ရက်စွဲ  *
    မှတ်ချက်

    ထောက်ပံ့အားပေးမှု

    Red Feather Community Chest

    ပူးပေါင်းကူညီပေးသည့် စီးပွားရေးလုပ်ငန်း

    Interculture Art Inc.
    Shops recommended for foreign pregnant women and mothers raising children
    Goody4Mommy
    SDGs未来都市豊島区
    LINEတွင် စိတ်လက်ပေါ့ပါးစွာဖြင့် စုံစမ်းမေးမြန်းပါ။
    လှူဒါန်းမည်။