လှူဒါန်းမည်။


ဂျပန်နိုင်ငံနေ နိုင်ငံခြားသူအမျိုးသမီးများကို
မီးမဖွားမီနှင့် မီးဖွားပြီးနောက်ပိုင်းကူညီထောက်ပံ့မှုနှင့်
ယဉ်ကျေးမှုပေါင်းစုံအတူယှဉ်တွဲသည့် ကလေးပြုစုပျိုးထောင်မှု


မီးဖွားမှုအစီအစဉ်


ဒေါင်းလုဒ်လုပ်ပါ။

မီးဖွားမှုအစီအစဉ်ကို ရေးကြရအောင်။

(မီးဖွားခြင်းနှင့် ပတ်သက်၍ ဆန္ဒပြုစာ)

မီးဖွားခြင်းဆိုတာ အမျိုးသမီးတွေအတွက် အရေးအကြီးဆုံးအဖြစ်အပျက်တစ်ခုပါ။ ဘဝမှာအကြိမ်ရေအတွက် အနည်းငယ်ကလွဲပြီး မရှိနိုင်ပါဘူး။ စိတ်နှင့်ခန္ဓာအားလုံးရင်းပြီး အသက်တစ်ချောင်းကိုမွေးထုတ်ပေးရတဲ့ကိစ္စပါ။

မိမိမွေးဖွားရာတိုင်းပြည်မှာမဟုတ်ဘဲ နိုင်ငံရပ်ခြားမှာ မီးဖွားရတာဆိုလည်းပဲ အဲဒီအရေးကြီးတာကတော့ ပြောင်းလဲမသွားပါဘူး။

ဒါ့အပြင် အမျိုးသမီးအားလုံးရဲ့ ယဥ်ကျေးမှုတွေ၊ ဘာသာရေးဆိုင်ရာနောက်ခံအကြောင်းကိစ္စတွေဟာလည်း အလေးထားခံရသင့်ပါတယ်။

ဂျပန်နိုင်ငံမှာတော့ Birth Plan က ပျံ့နှံ့လာပြီး မိမိမျှော်လင့်တဲ့ မီးဖွားမှုပုံစံကို ဆေးရုံကိုပြောပြလာကြပါပြီ။

ဆေးရုံရဲ့အထောက်အပံ့ပစ္စည်းများ၊ ဆရာဝန်တွေရဲ့ အခြေခံမူများ၊ မိခင်ခန္ဓာကိုယ်နှင့် ရင်သွေးငယ်ရဲ့ အခြေအနေတွေအပေါ်မူတည်ပြီး မျှော်လင့်ဆန္ဒရှိတာတွေအားလုံးကတကယ်ဖြစ်လာမယ်လို့တော့ မဟုတ်ပါဘူး။

ဒါပေမဲ့ ဆေးရုံဘက်နဲ့ စနစ်တကျဆက်သွယ်ပြောဆိုမှုတွေကို ရယူသွားတာက မီးဖွားခြင်းကို ကူညီထောက်ပံ့ ပေးမယ့် ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် ယုံကြည်ဆက်နွယ်မှုကိုတည်ဆောက်ဖို့အတွက်လည်းဖြစ်တဲ့အပြင် မိမိကိုယ်တိုင်နှင့် ရင်သွေးငယ်ကိုတန်ဖိုးထားမှုနှင့်လည်း ဆက်နွယ်ပါတယ်။

အထူးသဖြင့် ဂျပန်နိုင်ငံနေနိုင်ငံခြားသူအမျိုးသမီးများမှာ‌တော့ ဘာသာစကားတံတိုင်းကြောင့် ပြောချင်တဲ့ အကြောင်းအရာကို မပြောနိုင်တဲ့အတိုင်းပဲ မီးဖွားမယ့်နေ့ကိုစောင့်ကြိုနေရတာကများပြီး အမျိုးသမီးအများစုက


အဲဒါကြောင့် NPO ကော်ပိုရေးရှင်း Mother’s Tree Japan မှာတော့ ဂျပန်နိုင်ငံနေနိုင်ငံခြားသူအမျိုးသမီးများ အတွက် မိမိရဲ့စိတ်ဆန္ဒကို ဆရာဝန်တွေထံစနစ်တကျပြောပြမယ့် ကိရိယာတစ်ခုအနေနဲ့ မီးဖွားမှုအစီအစဉ်စာလွှာကို ဘာသာစကားပေါင်းစုံနဲ့ ပြုလုပ်ခဲ့ပါတယ်။

မိမိမျှော်လင့်ဆန္ဒရှိတဲ့အရာကို ✓ မှာ အမှန်ခြစ်ထည့်ကာ မြန်ဆန်တဲ့လုပ်ဆောင်မှုအဆင့်တွေနဲ့ ဆေးရုံကိုပေးပြီး မိမိရဲ့စိတ်ဆန္ဒတွေကို ပြောပြကြရအောင်။

အထူးသဖြင့် ဘာသာရေးဆိုင်ရာပြဿနာများပါဝင်နေတဲ့အခါ တတ်နိုင်သလောက်ပူးပေါင်းကူညီပေးဖို့ကို အားမနာဘဲ ပြောပြရမှာက သိပ်ကိုအရေးကြီးပါတယ်။

တတ်နိုင်သလောက် ကျေနပ်မှုရှိပြီးမီးဖွားဖို့ကိုစောင့်ကြိုရတာက မီးဖွားပြီးနောက်ပိုင်းကနေ ကလေးပြုစု

ပျိုးထောင်ချိန်မှာ ကူညီစေချင်တဲ့အခါတို့၊ မိမိရဲ့စိတ်ဆန္ဒကို ပြောပြချင်တဲ့အခါတို့မှာ ပြောပြနိုင်တဲ့စိတ်ကိုဖန်တီး

သွားဖို့အတွက်လည်း အရေးကြီးတဲ့အရာပါ။

အဲဒီပထမဆုံးခြေလှမ်းအနေနဲ့ ဒီစာလွှာကို ဆက်ဆက်အသုံးပြုကြပါ။

လွတ်လပ်စွာ ဒေါင်းလုဒ်ရယူနိုင်တာမို့လို့ ပရင့်ထုတ်ပြီးအသုံးပြုလို့ရပါတယ်။

ပြီးတော့ အိမ်မှာပရင်တာမရှိဘူးဆိုရင် ကလေးပြုစုပျိုးထောင်ရေးမှာ အခြားအသုံးဝင်တဲ့သတင်း အချက်အလက်အစုံကို အခမဲ့ပို့ပေးမှာဖြစ်လို့ ဒီကနေ လျှောက်လွှာတင်ပေးပါ။

အမျိုးသမီးအားလုံးရဲ့ ဂုဏ်ပြုခံရတဲ့မီးဖွားခြင်းကို အားပေးနေပါတယ်။

ဒေါင်းလုဒ်လုပ်ပါ။


ထောက်ပံ့အားပေးမှု

(၂၀၂၂ခုနှစ် တိုကျိုမြို့နေနိုင်ငံခြားသားများထောက်ပံ့ရေးလုပ်ငန်း စည်းရုံးလှုပ်ရှားမှုများ) စီမံကိန်းလုပ်ငန်း

ပူးပေါင်းကူညီပေးသည့် စီးပွားရေးလုပ်ငန်း

Interculture Art Inc.
LINEတွင် စိတ်လက်ပေါ့ပါးစွာဖြင့် စုံစမ်းမေးမြန်းပါ။
လှူဒါန်းမည်။