ဂျပန်နိုင်ငံနေ နိုင်ငံခြားသူမိခင်များအတွက် မိခင်ဘာသာစကားဖြင့် မီးဖွားခြင်းဆိုင်ရာ သတင်းအချက် အလက်အစုံကို အခမဲ့ပေးပို့ခြင်း အသိပေးစာ
ဂျပန်နိုင်ငံမှာတော့ ဂျပန်နိုင်ငံနေ နိုင်ငံခြားသူမိခင်များ မီးဖွားတဲ့အခါ၊ ကလေးပြုစုပျိုးထောင်တဲ့အခါ
များနှင့် အရေးပေါ်အချိန်များမှာ အသုံးဝင်တဲ့သတင်းအချက်အလက်တွေ၊ ကိရိယာတွေ အများကြီး ရှိပါတယ်။
ဒါပေမဲ့ အဲဒါတွေကို သိတဲ့သူ၊ အသုံးချတဲ့သူတွေကတော့ သိပ်ကိုနည်းပါတယ်။
ဒါ့အပြင်၊ သိပေမဲ့လည်း ကိုယ်တိုင်ဒေါင်းလုဒ်ဆွဲကာ ပုံနှိပ်စာထုတ်ပြီး လက်ထဲမှာအသင့်ပြင်ဆင်ထားဖို့ ကတော့ ပင်ပန်းပါတယ်။
အဲဒါကြောင့်ပဲ ကျွန်မတို့က အဲဒီသတင်းအချက်အလက်တွေ၊ ကိရိယာတွေကို စုစည်းပြီး ပုံနှိပ်စာထုတ်ကာ အသင့်သုံးနိုင်တဲ့အခြေအနေနဲ့ မိခင်တွေရဲ့ လက်ထဲကိုပို့ပေးမယ့် ဂျပန်နိုင်ငံနေ နိုင်ငံခြားသူမိခင်များအတွက် အားပေးလက်ဆောင် အစီအစဉ်ကို စတင်လိုက်ပါတယ်။
(ဂျပန်လူမျိုးမိခင်တွေဆိုရင် ပုံမှန်အတိုင်းသိမယ့်သတင်းအချက်အလက်တွေကို ဂျပန်နိုင်ငံနေနိုင်ငံခြားသူ မိခင်တွေဆီကိုလည်း အသေအချာပို့ပေးချင်ပါတယ်။)
အဲဒီလိုအတွေးနဲ့ စ တင်လိုက်တဲ့ အစီအစဉ်ဖြစ်ပါတယ်။
မိခင်တွေအားလုံးက စိတ်အေးချမ်းသာစွာနဲ့ ရှင်သန်မှုအသစ်လေးကိုကြိုဆိုနိုင်ပြီး၊
စိတ်အေးချမ်းသာစွာ ပြုစုပျိုးထောင်သွားနိုင်အောင် ကူညီထောက်ပံ့ပေးသွားဖို့က ကျွန်မတို့ရဲ့ဆန္ဒပါ။
အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ ဂျပန်နိုင်ငံနေနိုင်ငံခြားသား၊ နိုင်ငံခြားသူ ဖေဖေမေမေတွေကိုလည်း ဆက်ဆက်ပြောပြပေးလိုက်ပါဦးနော်။

အကြောင်းအရာ
- ဘာသာစကားပေါင်းစုံ မိခင်နှင့်ကလေးမှတ်တမ်း(ဆန္ဒရှိသူ)
- နိုင်ငံခြားသားအရပ်သားများအတွက် ကလေးပြုစုပျိုးထောင်မှုဇယား
- မိခင်နှင့်ကလေး ကူညီထောက်ပံ့ရေးအစီအစဉ်တွဲများ
- မီးဖွားခြင်းဆိုင်ရာ လက်ထောက်ညွန်ပြဘုတ်ပြား
- အခြားကာကွယ်ဆေးထိုးရန် သတင်းအချက်အလက်များ၊ ကိုရိုနာသတင်းအချက်အလက်များ စသဖြင့်
တုံ့ပြန်ဆောင်ရွက်ပေးမည့် ဘာသာစကား
- အင်္ဂလိပ်ဘာသာစကား
- တရုတ်ဘာသာစကား
- ထိုင်းဘာသာစကား
- ဗီယက်နမ်ဘာသာစကား
- နီပေါဘာသာစကား
- မြန်မာဘာသာစကား(မိခင်နှင့်ကလေးမှတ်တမ်းမရှိပါ။)
- အင်ဒိုနီးရှား
ဆန္ဒရှိသူတွေက ဒီလျှောက်လွှာပုံစံကနေ လျှောက်ထားပေးကြပါ။ ရက်အနည်းငယ်အတွင်းစာတိုက်ကနေပို့ပေးပါမယ်။
လက်ခံရရှိတဲ့အချက်အလက်များကို စာတိုက်ကနေ
စာရွက်စာတမ်းပေးပို့ရန်မှအပ တခြားရည်ရွယ်ချက်ဖြင့် အသုံးပြုဖို့တော့လုံးဝမရှိပါဘူး။

ဒီအစီအစဉ်က WAM ထောက်ပံ့ငွေဖြင့် ထောက်ပံ့ရေးအစီအစဉ်ဖြစ်ပါတယ်။
ထောက်ပံ့အားပေးမှု
(၂၀၂၂ခုနှစ် တိုကျိုမြို့နေနိုင်ငံခြားသားများထောက်ပံ့ရေးလုပ်ငန်း စည်းရုံးလှုပ်ရှားမှုများ) စီမံကိန်းလုပ်ငန်း
Toshima Ward
Toshima Ward International Art Culture Ambassador Extraordinary / SDGs Ambassador Extraordinary Independent Planning Business

ပူးပေါင်းကူညီပေးသည့် စီးပွားရေးလုပ်ငန်း